|
၂၂
စက်တင်ဘာ
၂၀၀၈။
။ မြန်မာကို
အရေးယူမည့်အချက်များမပါရှိဘဲ
အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးရေး
ထပ်မံ
တောင်းဆိုမည့်
လုံခြုံရေး
ကောင်စီဥက္ကဋ္ဌ၏
ကြေညာချက်သာ
ထွက်ရှိလာနိုင်ကြောင်း
စက်တင်ဘာ (၁၀) ရက်
ထုတ်ပြန်
သည့်
လုံခြုံရေးကောင်စီ
အစီရင်ခံစာ၌
ခန့်မှန်းရေးသားထားသည်။ မြန်မာအစိုးရအား
ဒဏ်ခတ်ရေး
ဆွေးနွေးချက်များ
မှေးမှိန်သွားပုံရသည့်အတွက်
လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ၏ ယခင်
ကြေညာချက် (၂) ခုပါ
အချက်များအပါအ၀င်
သံတမန်ရေးနည်းလမ်းများသုံးရန်
ဖိအားပိုပေးလာနိုင်သည်ဟု
အစီရင်
ခံစာက သုံးသပ်သည်။
မြန်မာ့အရေးကို
လုံခြုံရေးကောင်စီ
ဆွေးနွေးမည့်အချက်များ၌
ထည့်သွင်းနေခြင်းကို
တရုတ်က ဆက်ပြီး
စိတ်မသက်မသာ
ဖြစ်နေသည့်ပြင်
မြန်မာစစ်အစိုးရအား
လုံခြုံရေးကောင်စီက
အရေးမယူရေးကို
တရုတ်က
လိုလားသည်။ လုံခြုံရေးကောင်စီက
ဆောင်ရွက်နိုင်သည့်
ရွေးချယ်စရာ
နည်းလမ်းများအနက်
လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့်
မစ္စတာ
ဂမ္ဘာရီ၏
ဆွေးနွေးမှုကို
နားထောင်ပြီး
မည်သည့်အရေးယူဆောင်ရွက်မှုမှ
မလုပ်ဘဲ
သဘောထားထုတ်ပြန်
နိုင်ကြောင်း၊
နိုင်ငံရေးအကျဉ်းသားများ
ပြန်လွှတ်ရန်
လိုအပ်ကြောင်းနှင့်
စစ်မှန်သည့်
တွေ့ဆုံဆွေးနွေးမှု
လုပ်ဆောင်ရန်
တို့
ပါဝင်သည့် လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ၏
ယခင်ကြေညာချက်
(၂) ခုပါ
အဓိကအချက်များကို
ထပ်မံကြေညာနိုင်
ကြောင်းနှင့်
လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ၏ ပြီးခဲ့သည့်
အောက်တိုဘာလ
ထုတ်ပြန်ချက်ပါ
အဓိကအချက်များကို
ပြန်လည်
အလေးထား ထုတ်ပြန်နိုင်ကြောင်း
အစီရင်ခံစာတွင်
ဖော်ပြထားသည်။ ပြီးခဲ့သည့်
အောက်တိုဘာလ
လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ
ကြေညာချက်၌ အားလုံးပါဝင်သည့်
အမျိုးသားပြန်လည်
သင့် မြတ်ရေးလုပ်ဆောင်ရန်၊
ကုလသမဂ္ဂက မြန်မာ့အရေး
ဆက်လက်ပါဝင်ဆောင်ရွက်ရန်၊
ဒေါ်အောင်ဆန်းစုကြည်နှင့်
စစ်မှန်သည့်
တွေ့ဆုံဆွေးနွေးရေး
လုပ်ဆောင်ရန်၊
နိုင်ငံရေးနှင့်
လူ့အခွင့်အရေးကိစ္စများ
ဆောင်ရွက်ရန်၊
ပြည်သူလူထု
အတွက်
စီးပွားရေးနှင့်
လူသားချင်းစာနာမှု
လိုအပ်ချက်များကို
ကိုင်တွယ်လုပ်ဆောင်ရန်တို့
တောင်းဆိုထားသည်။ ထို့အပြင်
လုံခြုံရေးကောင်စီ
ဥက္ကဋ္ဌ ထုတ်ပြန်မည့်
ကြေညာချက်၌ ပြီးခဲ့သည့်
မေလ
ဖွဲ့စည်းပုံအခြေခံဥပဒေ
လူထုဆန္ဒ
ခံယူပွဲ
အပေါ်
သဘောထားနှင့်
နိုင်ငံရေးအကျဉ်းသားများကို
လွှတ်ပေးရန်ကဲ့သို့
ကိစ္စများလည်းပါဝင်နိုင်ပြီး
အတွင်းရေး
မှူးချုပ်၏
မြန်မာနိုင်ငံ
ခရီးစဉ်မတိုင်မီ
လုံခြုံရေးကောင်စီနှင့်
ကြိုတင်တွေ့ဆုံရန်တို့
ပါရှိနိုင်သည်ဟုလည်း
အစီရင်ခံစာ၌
ဖော်ပြသည်။ ထိုအစီရင်ခံစာကို
သြဂုတ် (၁၈)မှ
(၂၃) ရက်အထိ မြန်မာနိုင်ငံသွားရောက်ခဲ့သည့်
မစၥတာဂမ္ဘာရီ၏
ခရီးစဉ်
အပြီး၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး
ထိုခရီးစဉ်၌
ကုလသမဂ္ဂ၏
တောင်းဆိုချက်
(၅) ချက်ကို မြန်မာအစိုးရက
ပိုမိုသဘောပေါက်
လက်ခံလာသဖြင့်
ထိုခရီးစဉ်ကို
မစၥတာဂမ္ဘာရီက
ပိုမိုအကောင်းမြင်သည်ဟုလည်း
အစီရင်ခံစာ၌
ရေးသည်။ မြန်မာအရေးနှင့်
ပတ်သက်ပြီး
အဓိကအရေးပါသည့်
အချက်များကို
စဉ်းစားရာ၌ မြန်မာနိုင်ငံသွားရန်များသည့်
အတွင်း
ရေးမှူးချုပ်
ဘန်ကီမွန်း၏
ခရီးစဉ်မှ ခိုင်မာသည့်
အောင်မြင်မှုရအောင်
မည်သို့လုပ်ရမည်ဆိုသည့်အချက်အပါအ၀င်
ဘန် ကီမွန်း
မြန်မာနိုင်ငံသွားခြင်းသည်
မြန်မာစစ်အစိုးရ၏
လမ်းပြမြေပုံကို
ထောက်ခံခြင်းဟု
အသုံးချမခံရအောင်
မည်သို့
လုပ်ရမည် စသည့်အချက်များပါဝင်သည်။
ထို့ပြင်
ကုလသမဂ္ဂသည်
မြန်မာနှင့်
ဆက်ဆံရာတွင်
တိုးတက်မှုမရှိဆိုသည့်
မကောင်းမြင်သတင်း
ပျံ့နှံ့မှုကိစ္စအတွက်
ကုလသမဂ္ဂနှင့်
လုံခြုံရေးကောင်စီက
မည်သို့ကိုင်တွယ်ရမည်ဆိုသည့်
ကိစ္စ
ဖြစ်သည်ဟု
ရေးထားသည်။ |